back

HIV ရှိတဲ့ ထိုင်း အမျိုးသားဟာ မိန်းကလေး ၇ ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ တိုင်ကြား

Nov 13 • 2:01 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

HIV ရှိတဲ့ ထိုင်း အမျိုးသားဟာ မိန်းကလေး ၇ ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ တိုင်ကြား

ထိုင်းနိုင်ငံ Udon Thani ၊ Isaan ခရိုင် က မိဘတွေဟာ ထိုင်းအမျိုးသားတစ်ဦးကို အသက်လေးနှစ်ကနေ ဆယ်နှစ်ကြား မိန်းကလေးငယ် အနည်းဆုံး ၇ ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ ...

ထိုင်းနိုင်ငံ Udon Thani ၊ Isaan ခရိုင် က မိဘတွေဟာ ထိုင်းအမျိုးသားတစ်ဦးကို အသက်လေးနှစ်ကနေ ဆယ်နှစ်ကြား မိန်းကလေးငယ် အနည်းဆုံး ၇ ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲပြီး တိုင်ကြားခဲ့ကြပါတယ်။ သူ့ရဲ့ဇနီးမှာ HIV ပိုး ရှိတယ်လို့ သတင်းရထားတာကြောင့် ကလေးတွေဆီကို HIV ပိုး ကူးစက်စေခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။Panumas ရဲ့ ညှိနှိုင်းမှုနဲ့အတူ ရဲတွေက Tia ကို ဆောက်လုပ်ရေး အလုပ်သမားအဖြစ် သူအလုပ်လုပ်နေတဲ့ အိမ်တစ်လုံးမှာ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်သွားခဲ့ပေမယ့် သူက စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုခဲ့ပါတယ်။ရဲတွေက Tia ကို မဖွယ်မရာ ပြုလုပ်မှုနဲ့ ကလေး ပြန်ပေးဆွဲမှု စွဲချက်တွေနဲ့ ထိန်းသိမ်းထားပါတယ်။ မှုခင်းဆေးစစ်ချက် အဖြေတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို အတည်ပြုခဲ့ရင် နောက်ထပ် စွဲချက်တွေ ထပ်တိုး တင်သွားမှာပါ။ အဖြေတွေကို November ၂၁ ရက်နေ့မှာ ရဖို့ မျှော်လင့်ထားပါတယ်။

news-view-count-icon

17