MPL Malaysia ရဲ့ S16 Playoffs ကို ဒီနေ့ပဲ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။Champions ဆုကို ၃ ရာသီဆက်တိုက်သိမ်းပိုက်ခဲ့တဲ့ SRG.OG ဟာ နောက်ထပ် Champion ဆုကိုရယူဖို့ သေချာသလောက်လည်း ရှိနေပါတယ်။ Regular Season မှာလည်း ထုံးစံအတိုင်း ရှုံးပွဲမရှိခဲ့ပါဘူး။ SRG.OG ရဲ့ Roamer ဖြစ်သူ YumS က “ ကျွန်တော်တို့ရဲ့ MPL MY Champion ဂုဏ်ပုဒ်ကို တတ်စွမ်းသမျှ ကာကွယ်ဖို့ကြိုးစားမှာပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ရှင်းပါတယ်၊ M7 Champion ဆုကို သိမ်းဖို့ပါပဲ “ ဟုဆိုပါတယ်။SRG.OG ရဲ့ နည်းပြချုပ်ဖြစ်သူ Arcadia ကလည်း " ကျွန်တော်တို့အသင်းရဲ့မှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ထိပ်ဆုံးနားတင် ရပ်တန့်သွားခဲ့တာကို တွေ့ကြမှာပါ။ လာမယ့် M7 မှာတော့ ကျွန်တော်တို့က ထိပ်ဆုံးနားရောက်ရုံနဲ့ လုံးဝကျေနပ်မှာမဟုတ်ဘူး၊ သေချာပေါက် Champion ဖြစ်ရပါမယ် “လို့ ကြုံးဝါးထားပါတယ်။ဒါကြောင့် SRG.OG ဟာ M7 Champion ဆုအတွက် အလားအလာရှိဆုံးအသင်းတွေထဲမှာ ထည့်တွက်ရမယ့်အသင်းဖြစ်နေပြီး M7 မှာ မြန်မာအသင်းအပါအဝင် ပြိုင်ဘက်အသင်းကြီးတွေအနေနဲ့ သတိကြီးကြီးထားရမယ့်အသင်းဖြစ်နေဦးမယ်လို့ ထင်ပါတယ်။



