မြန်မာ ယူ၁၆ အသင်းအနေဖြင့် အာရှ ယူ၁၇ ခြေစစ်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် သွားရောက်လေ့ကျင့်မှု ပြုလုပ်လျက်ရှိပါသည်။ နိုဝင်ဘာ၁၂ရက်နေ့တွင် တရုတ် လက်ရွေးစင် ယူ ၁၆ အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ (၀-၄) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။ အာရှ ဖလား ယူ၁၇ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များအား သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၂၂ မှ ၃၀ အထိ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် မြန်မာနှင့်အတူ အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါ အသင်းများ ယှဉ်ပြိုင်ရမည် ဖြစ်သည်။



