မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၁/၂၀၂၅ ဆင်းပွဲကို နိုဝင်ဘာလ(၁၁) ရက်နေ့ နံနက်ပိုင်းက မကွေးပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ(၈၃)ဦးအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုရရှိသူများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် တာဝန်ရှိသူများ၊ မကွေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ၊ ဒုတိယ ကျောင်းအုပ်ကြီး ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။



