back

ထိုင်းနိုင်ငံ(နခေါန်ပထုမ်)မြို့ ဘန်လင်ရွာမှာ မိဘတွေအိပ်ပျော်နေချိန် ကလေးရေထဲကျပြီးဆုံး

Nov 12 • 9:36 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ(နခေါန်ပထုမ်)မြို့ ဘန်လင်ရွာမှာ မိဘတွေအိပ်ပျော်နေချိန် ကလေးရေထဲကျပြီးဆုံး

11.11.2025 ထိုင်းနိုင်ငံ(နခေါန်ပထုမ်)မြို့ ဘန်လင်ရွာမှာ မနေ့ နေ့လည် 3:30 လောက်က၊ မိဘနှစ်ပါးအိပ်ပျော်သွားချိန် အသက် 1နှစ်အရွယ်(အမွာ)အငယ်မလေး ရေကြီးရေလျှံဖြစ်နေတ...


11.11.2025 ထိုင်းနိုင်ငံ(နခေါန်ပထုမ်)မြို့ ဘန်လင်ရွာမှာ မနေ့ နေ့လည် 3:30 လောက်က၊ မိဘနှစ်ပါးအိပ်ပျော်သွားချိန် အသက် 1နှစ်အရွယ်(အမွာ)အငယ်မလေး ရေကြီးရေလျှံဖြစ်နေတဲ့ အိမ်အောက်ကရေထဲသို့ ပြုတ်ကျပြီးဆုံးသွားပါတယ်။ဘေးအိမ်ကလူလာတွေ့တော့မှ ကလေးရေထဲကျသွားတာကို မိဘတွေသိရပြီး၊ ဘယ်အချိန်ကတည်းကပြုတ်ကျသွားတယ်ဆိုတာကို မသိကြပါဘူး။ မိဘတွေသိသိချင်းမှာ ကလေးကို နှလုံးပြန်ခုန်လာအောင် လုပ်ခဲ့ကြပေမယ့် နောက်ကျသွားပါပြီး။လူမှုကူညီရဲ့အဖွဲ့တွေရောက်လာတဲ့အချိန်မှာ ကလေးရဲ့ မိခင်ဖြစ်သူ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးဟာ 

သမီးလေးရဲ့အလောင်းကိုဖတ်ပြီး ငိုကြွေးနေတာကိုတွေ့ခဲ့ရပါတယ်။ 



news-view-count-icon

12