နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က သထုံမြို့၊ လေယာဉ်ကွင်းဟောင်း၊ နေမိန္ဒရကုန်း အတတ်လမ်းအနီးတွင် လူတစ်ဦး သေဆုံးနေခြင်းဖြစ်သည်။သေဆုံးသူမှာ သထုံမြို့၊ နန်းခဲရပ်ကွက်၊ နန်းခဲကွက်သစ်(၂)လမ်းတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျီုးသားဖြစ်ပြီး အရက်များသောက်ကာ နေအိမ်မှ ထွက်သွားစဉ် နှစ်ရက်မြောက်နေ့၌ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။သေဆုံးသူ၏ ရုပ်အလောင်းကို ခွေးများမှ ကိုက်စားထားသည့်အတွက် အကြင်နာတွဲလက်အသင်းမှ သွားရောက်ကူညီကာ ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးရုံမှ တစ်ဆင့် ကျောက်တန်းသို့ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။



