ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၁ နာရီခွဲအချိန်က မြန်မာအမျိုးသမီးတစ်ဦးသည် အလုပ်သိမ်း၍ မစ်မိုင်တရီလမ်းအတိုင်းပြန်လာစဉ် သူမအနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားတစ်ဦးက ၎င်းနှင့် မလိုက်လျှင် သေနတ်ဖြစ်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆို၍ ဘန်ဂလိုတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ဘန်ဂလိုသို့ ရောက်ရှိချိန်တွင် ၎င်းက မြန်မာအမျိုးသမီးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်။ မြန်မာအမျိုးသမီးက အဓမ္မပြုကျင့်ခံရပြီးနောက် ဥပါတံမျဉ်ဖြင့် လိုက်လျှောသည့်ဟန်ပြုကာ နောက်နောင် သူမအား လိုအပ်ပါက ဆယ်သွယ်ရန် ၎င်း၏ Facebook အကောင့် တောင်းယူခဲ့သည်ကို သဘောကြ၍ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ပြန်လည်လွတ်မြောက်လာပြီးနောက် နစ်နာသူ မြန်မာအမျိုးသမီးက သက် ဆိုင်ရာ ရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားကာ သူမကို အဓမ္မပြုကျင့်ခဲ့သူ ထိုင်းနိုင်ငံသား၏ Facebook အကောင့်ကိုလည်း ထိုင်းရဲတပ်ဖွဲ့ထံ ပြသခဲ့ကြောင်း သိရသည်။လက်ရှိတွင် တရားခံအား နောင်ကျော့ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းကို အဓမ္မပြုကျင့်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ခြိမ်းခြောက်မှု၊ တစ်ပါးသူအား မတရားချုပ်နှောင်ထားမှု၊ မှုယစ်ဆေးဝါးသုံးစွဲမှု စသည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင်လှစ်ထားကြောင်း သိရသည်။



