တိုင်ဖုန်းမုန်တိုင်း ဖန်ဝေါင်ကြောင့် ထိုင်ဝမ်နိုင်ငံမှာ ရေကြီးရေလျှံဖြစ်ပြီး လူပေါင်း ၈,၃၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ တိုင်ဖုန်းဖန်ဝေါင်ဟာ ထိုင်ဝမ်ကို ရောက်တဲ့အချိန် အားပျော့ခဲ့ပေမဲ့ အရှေ့ကမ်းခြေမှာ မိုးသည်းခဲ့ပြီး ရေကြီးမှုတွေလည်း ဖြစ်တာကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။မုန်တိုင်းကြောင့် လူ ၅၁ ယောက် ဒဏ်ရာရခဲ့ပြီး တောင်ပိုင်းမှာရှိတဲ့ အလုပ်တွေ ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။ ရေကြီးမှုကြောင့် အိမ်တွေထဲမှာ ရွှံတွေ တင်ကျန်ခဲ့တာတွေ့ရပါတယ်။ ယီလန်နဲ့ အနီးအနားမှာရှိတဲ့ ဟွာလန့်တို့ရှိ ဒေသခံ ၈,၃၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ယီလန်မှာ အင်္ဂါနေ့က မိုးရေချိန် ၇၉၄ မီလီမီတာအထိ ရွာသွန်းတယ်လို့ မိုးလေဝသက ကြေညာပါသည်။



