တရားမဝင် လောင်းကစားဂိုဏ်းခေါင်းဆောင် ရှီကျိကျန်းကို တရုတ်သို့ လွှဲပြောင်းရန် ထိုင်းအယူခံတရားရုံး ညွှန်ကြား

Nov 12 • 8:10 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရားမဝင် လောင်းကစားဂိုဏ်းခေါင်းဆောင် ရှီကျိကျန်းကို တရုတ်သို့ လွှဲပြောင်းရန် ထိုင်းအယူခံတရားရုံး ညွှန်ကြား

တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း ၂၀၀ ကျော်အား ကြိုးကိုင်ထားသည့် နယ်စည်းကျော် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အဖြစ် တရုတ်အစိုးရက စွပ်စွဲထားသော တရုတ်လူမျိုး ရှီကျိကျန...

တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း ၂၀၀ ကျော်အား ကြိုးကိုင်ထားသည့် နယ်စည်းကျော် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်အဖြစ် တရုတ်အစိုးရက စွပ်စွဲထားသော တရုတ်လူမျိုး ရှီကျိကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ရန် ထိုင်းအယူခံတရားရုံးတစ်ရုံးက နိုဝင်ဘာ ၁၀ ရက်တွင် ညွှန်ကြားလိုက်ကြောင်း သိရသည်။ ထိုင်းတာဝန်ရှိသူများက ၂၀၁၄ ခုနှစ် ဖမ်းဝရမ်းဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဘန်ကောက်၌ ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ဘန်ကောက် ကလောင်ပရမ်ဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။ ရှီကျိကျန်းသည် အာရှတွင် ဖမ်းဆီးရမိသူများအနက် အထင်ရှားဆုံး အွန်လိုင်းလောင်းကစားလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်သူဖြစ်နိုင်ပြီး၊ တရုတ်အာဏာပိုင်များ၏ အဆိုအရ ၎င်းသည် တရားမဝင်ဝက်ဘ်ဆိုက် ၂၃၉ ခုအထိ ဖွင့်လှစ်ခဲ့ကာ မြန်မာနိုင်ငံဘက်ခြမ်းရှိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ကာစီနိုလုပ်ငန်းများနှင့်လည်း ဆက်စပ်မှုရှိကြောင်း သိရသည်။

news-view-count-icon

8