(၂ဝ၂၅)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ အချိန်မီကျောင်းအပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို နိုဝင်ဘာ ၁၁ ရက်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ Website ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website၊ အဆင့်မြင့်ပညာဦးစီးဌာန၏ Website နှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကြေညာထားပြီးဖြစ်သည်။ ပထမနှစ်သင်တန်းများကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ထို့ကြောင့် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် နိုဝင်ဘာ၁၇ ရက်မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့တို့အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။



