၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြည်တွင်း၌ တရားမဝင်ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၁၆,၂၁၇,၈၆၄) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များနှင့် ရေယာဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။



