လူရှစ်ဦးထက်မနည်းေ-သဆုံးခဲ့ရသည့် မြို့တော်၏အလယ်ဗဟိုတွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုကို အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက “ပူးပေါင်းကြံစည်မှု” ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး လုပ်ဆောင်သူများသည် တရားရင်ဆိုင်စေရမည်ဟု ကတိပြုခဲ့သည်။အိန္ဒိယနိုင်ငံ၏ အကျော်ကြားဆုံး အထင်ကရနေရာတစ်ခုဖြစ်သည့် သမိုင်းဝင်ခံတပ်နီအနီး တနင်္လာနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်း အသေးစိတ်ကို ရဲတပ်ဖွဲ့က အတိအကျ ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားရှိ ပါဟယ်လ်ဂမ် ခရီးသွားနေရာ၌ ဟိန္ဒူဘာသာဝင် ၂၆ ဦး ေ-သဆုံးခဲ့ပြီး ပါကစ္စတန်နှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည့် ဧပြီလ ၂၂ ရက်နောက်ပိုင်း ပထမဆုံး ထင်ရှားသော လုံခြုံရေးထိခိုက်သော ဖြစ်ရပ်ဖြစ်သည်။



