back

ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသား လုပ်သားများ၏ အလုပ်လုပ်ခွင့်သက်တမ်းတိုးရန် အရှိန်မြှင့်ဆောင်ရွက်မည်

Nov 12 • 3:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသား လုပ်သားများ၏ အလုပ်လုပ်ခွင့်သက်တမ်းတိုးရန် အရှိန်မြှင့်ဆောင်ရွက်မည်

ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့်သက်တမ်းကို အလျင်အမြန် တိုးမြှင့်ပေးရန် ဆောင်ရွက်သွားမည...

ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံတွင်းရှိ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့်သက်တမ်းကို အလျင်အမြန် တိုးမြှင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်းစစ်သားတစ်ဦး မိုင်းနင်းမိပြီးနောက် သက်တမ်းကုန်ဆုံးနေသော ကမ္ဘောဒီးယားလုပ်သားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးတော့မည်ဖြစ်ရာ၊ ယင်းလုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သုံးနိုင်ငံမှ လုပ်သားများအား ဦးစားပေး အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် သက်တမ်းကုန်ဆုံးနေသော မြန်မာ၊ လာအို၊ ဗီယက်နမ်လုပ်သားများအား အလုပ်လုပ်ရန်အတွက် တစ်နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် ထုတ်ပြန်ခဲ့ပြီး၊ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန် အမြန်ဆုံးတင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။

news-view-count-icon

22