back

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကုန်စုံဆိုင်မီးလောင်မှုဖြစ်ပွား

Nov 12 • 2:56 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကုန်စုံဆိုင်မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂)၊ ဆင်တောင်လမ်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်မှု...



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂)၊ ဆင်တောင်လမ်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မီးလောင်ရာနေရာကို လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီးတို့အပါအဝင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အားအပြည့်ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြပါတယ်။မီးလောင်မှုဖြစ်ပြီး မိနစ် ၂၀ ကျော်အကြာ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။



news-view-count-icon

29