မြန်မာပြည်တွင်းဈေးများရှိ ကြက်ဥ၊ဘဲဥ ဈေးနှုန်းများ

Nov 12 • 2:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းဈေးများရှိ ကြက်ဥ၊ဘဲဥ ဈေးနှုန်းများ

မြန်မာပြည်တွင်း ဈေးများတွင် ကြက်ဥ၊ ဘဲဥများ ဈေးအနည်းငယ်ပြန်ကျသည်။ ကြက်ဥအလုံးအသေးဆုံး ၃ လုံး ၁,၀၀၀ ကျပ်ဈေးများ ပြန်တွေ့ရသည်။ ကြက်ဥအရွယ်အစားအလိုက် တစ်လုံး ၄၀၀ ကျပ်...

မြန်မာပြည်တွင်း ဈေးများတွင် ကြက်ဥ၊ ဘဲဥများ ဈေးအနည်းငယ်ပြန်ကျသည်။ ကြက်ဥအလုံးအသေးဆုံး ၃ လုံး ၁,၀၀၀ ကျပ်ဈေးများ ပြန်တွေ့ရသည်။ ကြက်ဥအရွယ်အစားအလိုက် တစ်လုံး ၄၀၀ ကျပ်၊ ၄၅၀ ကျပ်၊ ၅၀၀ ကျပ်ဈေးနှုန်းများရှိကြသည်။ ဘဲဥဈေးများတွင်လည်း အသေးဆုံးတစ်လုံး ၄၀၀ ကျပ်တန် ပြန်တွေ့ရပြီး ဘဲဥတစ်လုံး ၅၀၀ ကျပ်၊ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်ဈေးနှုန်းများရှိကြသည်။ ငုံးဥ ၈ လုံး ၁,၀၀၀ ကျပ်ဈေးဖြင့်ဈေးတက်ပြီး ဆေးဘဲဥကတော့ တစ်လုံး ၉၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိသည်။ ပင်ရင်းဈေးများတွင် ကြက်ဥ ၁၈ ကီလိုဂရမ် ၃၃၅ ကျပ်၊ ၁၉ ကီလိုဂရမ် ၃၅၀ ကျပ်၊ ၂၀ ကီလိုဂရမ် ၃၈၀ ကျပ်၊ ၂၁ ကီလိုဂရမ် ၄၀၀ ကျပ်၊ ၂၂ ကီလိုဂရမ် ၄၁၅ ကျပ်ဈေးများ ရှိကြသည်။ ဘဲဥပင်ရင်းဈေးများတွင် ၁၉ ကီလိုဂရမ် ၄၂၀ ကျပ်၊ ၂၀ ကီလိုဂရမ် ၄၄၀ ကျပ်၊ ၂၁ ကီလိုဂရမ် ၅၀၀ ကျပ်၊ ၂၂ ကီလိုဂရမ် ၅၃၀ ကျပ်ဈေးများဖြင့် ပုံမှန်အတိုင်းရှိသည်။ ငုံးဥပင်ရင်းဈေးမှာ ငုံးဥတစ်လုံး ၁၀၂ ကျပ်ဈေးရှိပြီး ဆေးဘဲဥတစ်လုံး ၇၅၀ ကျပ်ဈေးဖြစ်သည်။

news-view-count-icon

27