back

သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်ကာလများအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား (၂) သိန်းခန့်လာရောက်ခဲ့

Nov 12 • 2:40 AM

breaking-news

မြန်မာ

မွန်

cover

သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်ကာလများအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား (၂) သိန်းခန့်လာရောက်ခဲ့

သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်ကာလများအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား (၂) သိန်းခ...

သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်ကာလများအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား (၂) သိန်းခန့်လာရောက်ခဲ့ကြောင်း ဘဏ္ဍာ်တော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။သီတင်းကျွတ်လဆန်း (၁၂) ရက်နေမှ (၁၄) ရက်နေ့အထိ (အောက်တိုဘာလ (၃) ရက်နေ့မှ (၅) ရက်အထိ) ပြည်တွင်းဘုရားဖူးက (၁၅၆,၉၇၅) ဦးနှင့် ပြည်ပဘုရားဖူးခရီးသွာ် (၄၇၄) ဦး၊ စုစုပေါင်း (၁၅၇,၄၄၀) ဦး လာရောက်ခဲ့ကြကြောင်း နှင့် သီတင်းကျွတ်လပြည်နေ့ (အောက်တိုဘာလ (၆) ရက်) တွင်လည်း ပြည်တွင်း ဘုရားဖူး (၂၂,၁၇၄) ဦး နှင့် ပြည်ပ ဘုရားဖူးခရီးသွား (၅) ဦး၊ စုစုပေါင်း (၂၂,၁၇၉) ဦးလာရောက်ခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခေါင်းဆောင်ဖြစ်သူက ပြောကြားသည်။ယမန်နှစ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးများ၊ ခရီးသွားများ အများအပြားပြန်လည်ဝင်ရောက်လာကြသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ တည်းခိုဆောင်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အခြားဆက်စပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်းလည်း ဒေသခံများကပြောသည်။

news-view-count-icon

14