back

တရုတ်နိုင်ငံမှ ရောင် ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲတွင် ISSF ကမ္ဘာ့ချန်ပီယံ ဖြစ်လာ

Nov 12 • 2:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံမှ ရောင် ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲတွင် ISSF ကမ္ဘာ့ချန်ပီယံ ဖြစ်လာ

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားအဖွဲ့ချုပ် (ISSF) ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲတွင...

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားအဖွဲ့ချုပ် (ISSF) ကမ္ဘာ့ချန်ပီယံရှစ် ရိုင်ဖယ်/ပစ္စတိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ရောင်ချန်းရွှင် နှင့် အိန္ဒိယနိုင်ငံမှ Samrat Rana တို့က အမျိုးသမီးနှင့် အမျိုးသား ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ ချန်ပီယံဆုများကို နိုဝင်ဘာ ၁၀ ရက်၌ အသီးသီး ဆွတ်ခူးခဲ့ကြသည်။အသက် ၂၀ နှစ်အရွယ် ရောင် သည် အမျိုးသမီးဗိုလ်လုပွဲတွင် ၂၄၃.၀ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ချိန်ဟောက်ချိန် က ၂၄၁.၂ မှတ်နှင့် တရုတ်နိုင်ငံမှ ချန်ဝေး က ၂၂၁.၄ မှတ်ဖြင့် ဒုတိယနှင့် တတိယနေရာတို့ အသီးသီးရရှိကာ ဆုယူသည့် စင်မြင့်ထက်၌ တရုတ်နိုင်ငံမှ အားကစားသမားများကချည်း လွှမ်းမိုးထားခဲ့သည်။ကမ္ဘာ့ဖလားဆု ရှစ်ကြိမ်တိုင်တိုင် ရရှိထားသော ရောင် က ၎င်း၏ ပထမဆုံး အကြီးတန်းကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

news-view-count-icon

9