ရှမ်းပြည်နယ်၊ရွာငံ မြောက်ဘက်ခြမ်းရှိ ရွာတွင် ညပိုင်းအင်တာနက်လိုင်းဖြတ်ခံရ

Nov 12 • 2:34 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ရွာငံ မြောက်ဘက်ခြမ်းရှိ ရွာတွင် ညပိုင်းအင်တာနက်လိုင်းဖြတ်ခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ရွာငံ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွင် ည ၇ နာရီမှ စ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံရသဖြင့် ဒေသခံဆီမှ သိရသည်။"အင်တာ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ရွာငံ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွင် ည ၇ နာရီမှ စ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံရသဖြင့် ဒေသခံဆီမှ သိရသည်။"အင်တာနက်လိုင်းတွေ ညဆို ဖြတ်ထားတယ်။ ၇ နာရီနောက်ပိုင်းဖြတ်တယ်။ ရွာတွေကို ဖြတ်တာ မီးကလည်း ပုံမှန်မလာဘူး။ဖုန်းလိုင်းက ဖြတ်ရင် ဆက်မရဘူး။ ဘာမှလုပ်လို့မရဘူး အရေးကြောင်းဆို မနက်မှ ဖုန်းလိုင်းရမှ သိရတယ်" ဟု ဒေသခံတစ်ဦးမှ ပြောသည်။ရွာငံမြို့ မြောက်ဘက်ခြမ်းတွင် ညပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုသည် တစ်နှစ်နီးပါးအထိ ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

news-view-count-icon

26