back

စစ်ကိုင်းတိုင်း၊လဟယ်မြို့တွင် အမျိုးသားအောင်ပွဲအကြို စာစီစာကုံး၊စိတ်ကြိုက်ပန်းချီနှင့်ကဗျာပြိုင်ပွဲကျင်းပ

Nov 12 • 2:27 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊လဟယ်မြို့တွင် အမျိုးသားအောင်ပွဲအကြို စာစီစာကုံး၊စိတ်ကြိုက်ပန်းချီနှင့်ကဗျာပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုး သမီးသမီးရေးရာ၊မြို့နယ်...

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုး သမီးသမီးရေးရာ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်းကျင်းပသော (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲအကြို စာစီစာကုံး၊စိတ်ကြိုက်ပန်းချီနှင့်ကဗျာပြိုင်ပွဲကိုယနေ့နံနက်(၁ဝး၀၀)နာရီအချိန်လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ပါသည်။လဟယ်မြို့အခြေခံပညာနှင့်စက် မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်း ကျောင်းနှင့်လဟယ်မြို့၊မူလွန် မြို့မကျောင်းမှအထက်တန်း၊အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၂၆)ဦး၊ပန်းချီထက်၊လယ်၊မူအဆင့်(၆၆)ဦး၊ကဗျာ ထက်၊လယ်(၅၁)ဦးနှင့် စုစုပေါင်းကျောင်းသား/သူ(၁၄၃)တို့ဝင်ရောက်ယှဉ်ပြိုင်ကြပြီးပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆု တို့ကိုရွေးချယ်ပြီး ဆုရရှိသောကျောင်းသား/သူများအားဆုများကို လာမည့် ၂၀၂၅ ခုနှစ်နိုဝင်ဘာ(၁၄)ရက်နေ့တွင်ကျရောက်သော(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

news-view-count-icon

31