ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရာဖီရပ်ကွက်ရှိ ဇိမ်ခံအိမ်တစ်လုံးတွင် ဖုန်းအလုံး ၂ဝဝ နီးပါးအသုံးပြုကာ နေ့စဉ်ဘတ် ၄ဝဝ,ဝဝဝ ခန့် ဝင်ငွေရှာနေသည့် တရုတ်ကောစင်တာဂိုဏ်းကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ (နိုဝင်ဘာလ ၁ဝ ရက်)နေ့ ညနေ ၃ နာရီခန့်တွင် ၎င်းတရုတ်ကောလ်စင်တာဂိုဏ်းကို ရဲမှူးကြီးဦးဆောင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကလည်း ယနေ့ထုတ်ပြန်သည်။ထိုင်းသတင်းဖော်ပြချက်အရ နေ့စဉ် ဘတ်ငွေ ၄၀၀,၀၀၀ ကျော် လွှဲပြောင်းနေသည့် ထိုင်းဘဏ်စာအုပ် ၂၀၀ ကျော်နှင့် ငွေလွှဲလက်ခံရန် အသုံးပြုသည့် မိုဘိုင်းဖုန်း ၁၇၄ လုံး၊ ATM ကတ် ၇၃ ခု နှင့် ကွန်ပျူတာ ၂ လုံးတို့ကိုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ တရုတ်လူမျိုးတစ်ဦးနှင့် အိမ်စောင့်တစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးစဉ် အချိန်၌ပင် ငွေများသည် အကောင့်များထဲသို့ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ သံသယရှိသူနှင့်သက်သေခံပစ္စည်းများကို နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲထံ ပို့ဆောင်ခဲ့ပြီး အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် ဖုန်းအလုံး ၂ဝဝ နီးပါးဖြင့် နေ့စဉ်ဘတ် ၄ သိန်းခန့် ဝင်ငွေရှာနေသည့် တရုတ်ကောစင်တာ ဂိုဏ်းကိုဖမ်းဆီး
Nov 12 • 2:24 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


