တူဂီဘောလုံးစူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုသည် ၂၀၂၆ ကမ္ဘာ့ဖလားသည် သူ၏ နောက်ဆုံး ကမ္ဘာ့ဖလားပွဲဖြစ်မည်ဟု နိုဝင်ဘာလ ၁၁ ရက် (အင်္ဂါနေ့) တွင် ဗီဒီယိုလင့်ခ်ဖြင့် ဆော်ဒီဖိုရမ်တစ်ခုသို့ ဖြေကြားခဲ့သည်။ သမိုင်းတစ်လျှောက် ဂိုးပေါင်း ၉၅၀ ကျော် သွင်းယူထားသူ၊ ငါးကြိမ် ဘလွန်းဒီအောဆုရှင် ရော်နယ်ဒိုက အသက် ၄၁ နှစ်ရောက်ရှိမည့် ၂၀၂၆ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူရန် "အခိုက်အတန့်" ဖြစ်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့ပြီး၊ လက်ရှိတွင် ဆော်ဒီအာရေဗျ၏ အယ်လ် နာဆာအသင်း၌ ကစားနေသူ ၎င်းအနေဖြင့် "တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်" ခန့်သာ ဘောလုံးလောကတွင် ဆက်ရှိနေဦးမည်ဟု အနားယူမည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။ ရော်နယ်ဒိုသည် ၂၀၂၆ ကမ္ဘာ့ဖလား၌ ခြောက်ကြိမ်မြောက် ပါဝင်ကစားခွင့်ရရန် မျှော်လင့်နေသည်။
Nov 12 • 1:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


