မြန်မာနိုင်ငံမှ Future Star Football Training (FSFT) သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့် AFC Grassroots Conference 2025 ၌ AFC Best Grassroots Club Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဥက္ကဋ္ဌ ဒေါက်တာ ရဲဝင့်ကျော်က ဆုကို လက်ခံရယူခဲ့သည်။ AFC မှ FSFT အား ကလေးငယ်များအတွက် အခြေခံဘောလုံးသင်တန်းများ၊ အခမဲ့နွေရာသီသင်တန်းများနှင့် ကျောင်းတွင်းဘောလုံးသင်ကြားမှုများ စနစ်တကျ ပြုလုပ်ပေးခြင်းအပြင်၊ "Football for All" ဆောင်ပုဒ်အတိုင်း ဘောလုံးပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ပေးမှုများကို အသိအမှတ်ပြုကာ ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာ ရဲဝင့်ကျော်က ဤဆုသည် FSFT အတွက်သာမက မြန်မာဘောလုံးလောကအတွက်ပါ ဂုဏ်ယူစရာဖြစ်ပြီး၊ လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်ကြိုးစားရန် ခွန်အားဖြစ်စေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာမှ Future Star Football Training (FSFT) သည် AFC ၏ အကောင်းဆုံး Grassroots ကလပ်ဆုကို ဆွတ်ခူးရရှိ
Nov 12 • 1:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


