back

ကမ္ဘောဒီးယား၊ ထိုင်းနယ်စပ် မြေမြှုပ်မိုင်းအသစ်ချထားသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆို

Nov 12 • 1:03 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား၊ ထိုင်းနယ်စပ် မြေမြှုပ်မိုင်းအသစ်ချထားသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆို

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များ ချထားခြင်းဟူသော ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကို ...

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များ ချထားခြင်းဟူသော ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကို တရားဝင်ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတကာသဘောတူစာချုပ်ဝင်နိုင်ငံအနေဖြင့် မိုင်းအသစ်များကို လုံးဝအသုံးမပြုကြောင်း ပြောကြားခဲ့သည်။ ထိုသို့ငြင်းဆိုမှုမတိုင်မီ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ၊ ယင်းနောက်တွင် ထိုင်းဝန်ကြီးချုပ်က ငြိမ်းချမ်းရေးပူးတွဲကြေညာစာတမ်းအကောင်အထည်ဖော်မှုကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

15