ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ ဒေကို (Deco) က လာမည့် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ် ခေါ်ယူသွားမည်မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့ရာ ပရိသတ်များအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ ဒေကိုက အသင်းသည် လက်ရှိတွင် ကောင်းမွန်စွာ လုပ်ဆောင်နေပြီး အားဖြည့်ရန် မလိုအပ်သေးဟု ယူဆကြောင်းနှင့် ရည်မှန်းချက်နှင့် ပစ်မှတ်အားလုံးကို နွေရာသီမှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့ကြောင့် လက်ရှိ အငှားဖြင့် ရောက်ရှိနေသည့် ရက်ရှ်ဖို့ဒ် (Rashford) သည် ခြေစွမ်းပြသနေသော်လည်း ၎င်း၏ အနာဂတ်အတွက် လာမည့်နွေရာသီအထိ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
Nov 11 • 8:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


