ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်းဒေါင့်တွင် နိုဝင်ဘာလ (၈) ရက်နေ့က ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရှိသူအား လသာမြို့နယ် ကြက်ခြေနီ အသင်း ခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီး သို့ ပို့ဆောင်ကူညီခဲ့ပါသည်။



