back

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကား လိုက်ဖမ်းခံရ၍ မောင်းပြေးစဉ် ဓာတ်တိုင် ဝင်တိုက်မိကာ ၂၁ ဦး ဒဏ်ရာရ

Nov 11 • 7:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကား လိုက်ဖမ်းခံရ၍ မောင်းပြေးစဉ် ဓာတ်တိုင် ဝင်တိုက်မိကာ ၂၁ ဦး ဒဏ်ရာရ

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကားကို ထိုင်းရဲလိုက်ဖမ်း၍ မောင်းပြေးစဉ် လမ်းဘေး ဓာတ်တိုင် ဝင်တိုက်မိပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၉...

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကားကို ထိုင်းရဲလိုက်ဖမ်း၍ မောင်းပြေးစဉ် လမ်းဘေး ဓာတ်တိုင် ဝင်တိုက်မိပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ဘုရားသုံးဆူဘက်မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ လိုက်ပါသည့်ကားတစ်စီးမှာ ကန်ချနဘူရီခရိုင်၊ စံခလဘူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်အရောက်တွင် စစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ မောင်းပြေးသည့်ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ကားပေါ်တွင် တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၂၁ ဦးလိုက်ပါလာပြီး ယာဉ်တိုက်မှုကြောင့် ၂၁ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဖော်ပြချက်အရ သိရသည်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသားများကို ဒေသခံ လူမှုကူညီရေးအသင်းများက စံခလဘူရီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။


news-view-count-icon

16