န်ကုန်မြို့၊ လူစည်ကားသော မြန်မာပလာဇာ (Myanmar Plaza) ဘေးရှိ စက်မှု (၁) လမ်းပေါ်တွင် နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းက ခေတ္တရပ်ထားသော ကားတစ်စီး မှန်ခွဲခံရပြီး အတွင်းမှ ပိုက်ဆံအိတ်နှင့် ပစ္စည်းများ အခိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ၏ လူမှုကွန်ရက်ဖော်ပြချက်အရ သိရသည်။ ၎င်းအမျိုးသမီးက ကားမှန် ခွဲခံရခြင်းကြောင့် နစ်နာရသည်ဟု ဆိုသည်။ ယင်းသို့ ကားမှန်ခွဲ၍ ပစ္စည်းယူဆောင်မှုများသည် ယခင်က ညအိပ်ရပ်နားထားသော ကားများ၌ ကြုံတွေ့ရလေ့ရှိသော်လည်း၊ ယခုအခါ လူစည်ကားရာနေရာများအနီး ရပ်ထားသော ကားများတွင်ပါ ကြုံတွေ့လာရခြင်းဖြစ်သည်။ အချို့သုံးသပ်သူများကမူ ခိုးယူသူများသည် Wheel Tax စာအုပ်များကို အဓိကရှာဖွေပြီး Without ကားများကို ပွားစီးရန်အတွက် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ရန်ကုန်၊ မြန်မာပလာဇာဘေး၌ ရပ်ထားသောကားမှန်ခွဲခံရပြီး ပစ္စည်းများ အခိုးခံရမှု ဖြစ်ပွား
Nov 11 • 6:36 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


