မြန်မာအလုပ်သမားများအား ကိုရီးယားတွင် နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းခြင်းကြောင့် ကိုရီးယားသံရုံးမှ နာမည်ကတ်ပြားများ တပ်ဆင်ပေး

Nov 11 • 5:58 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

မြန်မာအလုပ်သမားများအား ကိုရီးယားတွင် နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းခြင်းကြောင့် ကိုရီးယားသံရုံးမှ နာမည်ကတ်ပြားများ တပ်ဆင်ပေး

ကိုရီးယားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများကို နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမှုဖြစ်၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများ...

ကိုရီးယားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများကို နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” ဟု ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမှုဖြစ်၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား နာမည်ကတ်ပြား တပ်ဆင်ပေးကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။ထုတ်ပြန်ချက်အရ ယခင်က ကိုရီးယားသမ္မတနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအား နာမည်တပ်မခေါ်ဘဲ “ဟေး” “မင်း” စသဖြင့် ခေါ်ဝေါ်ခြင်းမှာ ရိုင်းသည့်အပြုအမူအသွင် ရောက်သောကြောင့် အောက်တိုဘာ ၂၈ ရက်မှစ၍ အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် နာမည်ကတ်ပြားများ တပ်ဆင်စေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8