back

နေရှင်နယ်လိဂ်မှာ VAR စနစ်သုံးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်မှပြော

Nov 11 • 5:08 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေရှင်နယ်လိဂ်မှာ VAR စနစ်သုံးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်မှပြော

မြန်မာနေရှင်နယ်လိဂ်မှာ ဒိုင်ဆုံးဖြတ်ချက်တွေ ပိုမိုမှန်ကန်စေဖို့အတွက် VAR စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချ...

မြန်မာနေရှင်နယ်လိဂ်မှာ ဒိုင်ဆုံးဖြတ်ချက်တွေ ပိုမိုမှန်ကန်စေဖို့အတွက် VAR စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က AFC - MFF Match Operations Workshop မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ လိဂ်ပြိုင်ပွဲတွေမှာ VAR စနစ်ကိုတွင်တွင်ကျယ်ကျယ်ကျင့်သုံးနေပြီဖြစ်လို့ မြန်မာနေရှင်နယ်လိဂ်မှာ မဖြစ်မနေ VAR စနစ်သုံးနိုင်ဖို့လိုတယ်လို့ ဦးဇော်ဇော်က ဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်၊ မလေးရှား နဲ့ အင်ဒိုနီးရှားလိဂ် တွေမှာ VAR စနစ်ကို အသုံးပြုနေပြီး VAR Room တည်ဆောက်အသုံးပြုသလို Mobile Truck တွေနဲ့လည်း အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာတော့ VAR စနစ်ကို AFF Shopee Cup ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်တွေမှာသာ အသုံးပြုဖူးပေမယ့် စင်ကာပူနိုင်ငံ၊ VAR Room ကနေ တိုက်ရိုက်ထိန်းချုပ်ကွပ်ကဲတာပါ။ လက်ရှိကျင်းပနေတဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်မှာတော့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦမရှိတာကြောင့် VAR စနစ်မသုံးနိုင်ဘဲ နည်းပညာတဆင့်နိမ့်တဲ့ FVS စနစ်ကို အသုံးပြုနေတာ မြင်တွေ့ရပါတယ်။


news-view-count-icon

36