ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံ ပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ ဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများတွင် တာချီလိတ် မြို့နယ်၏ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအနက်မှ (၅)ဦးသည် ဗဟိုအဆင့်သို့ တက်ရောက်ရန် အရွေးချယ်ခံရပြီး နေပြည်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ပြည်နယ် အဆင့်မှ ဗဟိုအဆင့်သို့ ယှဉ်ပြိုင်ရန် အတွက် အင်္ဂလိပ်စာ ဘာသာရပ်တွင် တွဲဖက် အထက(ပုန်းထွန်)မှ Grade -5ကျောင်းသား မောင်ဆန်းဒေါင်းရှာလောမ်ဒီး၊အထက (တာချီလိတ်)မှ Grade -6 ကျောင်းသူ မထက်မော်ကွန်းခင်၊ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade -8 ကျောင်းသူ မအိအိဖြိုးတို့ သည် ပြည်နယ် အဆင့်မှ ဗဟိုအဆင့်သို့ တက်ရောက်ဖြေဆိုနိုင်ရန် ရွေးချယ်ခံကြရပြီး သင်္ချာဘာသာရပ်အတွက် အထက ဟောင်လိတ်မှ Grade -8ကျောင်းသား မောင်ကောင်းဆက်သာ ၊အထက တာချီလိတ်မှ Grade -9 ကျောင်းသူ မဆောင်းကူးမေတို့ သည်လည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်တွင် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ယှဉ်ပြိုင်ရန် တာချီလိတ်မှ ထူးချွန်ကျောင်းသား/သူ (၅)ဦး ရွေးချယ်ခံရ
Nov 11 • 4:33 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 37 | 0 | 0 | 0 |


