လာအိုနိုင်ငံ၏ကျန်းမာရေးစနစ်ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုများအနက် ကျေးလက်ဒေသများတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။လာအိုရဲ့ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာ ဖယ်ဝမ်းခေါ်ပါးဆု့သည် ပြီးခဲ့သည့်အပတ်က လာအိုပြည်သူ့ကျန်းမာရေးအသင်း၏ အစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပရင်း ကျေးရွာပေါင်းများစွာတွင် အရည်အချင်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ ချို့တဲ့ခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံ ကန့်သတ်ချက်များကြောင့် အခြေခံလိုအပ်ချက်များဖြစ်သော ဆေးကုသမှုဝန်ဆောင်မှုများ ယခုထက်တိုင် ချို့တဲ့နေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
လာအိုဒုတိယဝန်ကြီးမှ ကျေးလက်ဒေသ ကျန်းမာရေးဝန်ဆောင်မှုများ မြှင့်တင်ခြင်းသည် အဓိကဦးစားပေးဖြစ်သည်ဟု ဆို
Nov 11 • 4:30 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 4 | 0 | 0 | 0 |


