နေပြည်တော်၊ပျဉ်းမနားမြို့ပေါ်မင်္ဂလာချင်းစုရပ်ဗိုလ်တောက်ထိန် မိန်းလမ်းမဘေးရှိရောင်နီဦးရွှေဆိုင်ကို သေနတ်အတုဖြင့် ရွှေထည်များထည့်ထားသည့်ဗူးအားဝင်လုပြေးခဲ့သောစုံတွဲကို ရပ်ကွက်ကဝိုင်းဖမ်းသည့်ဖြစ်ရပ် နိုဝင်ဘာ(၁၀)ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။"မနက်ပိုင်း(၉)နာရီကျော်လောက်၊ရွှေဆိုင်ဖွင့်ပြီးမှန်ကောင်တာတွေထဲ ခင်းကျင်းဖို့ပြင်ဆင်နေချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့မျက်နာမှာမက်စ်တပ်ထားတဲ့အမျိုးသားနဲ့အမျိုးသမီးစုံတွဲဝင်လာပြီးသေနတ်ပြပြီးရွှေထည်ပစ္စည်းထဲ့ထားတဲ့ ကော်ဗူးကိုယူပြီး ဆိုင်ထဲကအထွက် ဆိုင်ကယ်နဲ့မောင်းပြေးဖို့လုပ်တုံးဆိုင်ရှင်အမျိုးသမီးကဆိုင်ကယ်ကိုခြေထောက်နဲ့ပြေးကန်လိုက်တော့ ဆိုင်ကယ်လဲသွားတော့ ထပြီးလမ်းမကြီးဘေးလမ်းကြားထဲထွက်ပြေးလို့ အော်အကူအညီတောင်းတာ ၊ လမ်းသွားလမ်းလာရပ်ကွက်ထဲကသူတွေဝိုင်းလိုက်ကြတော့ ရွှေဗူးလုတဲ့သူနှစ်ဦးကိုတစ်ဖက်ပိတ်လမ်းသွယ်ထဲမှာ ဖမ်းမိလိုက်ကြတယ် " ဟုရပ်ကွက်ထဲမှမြင်တွေ့သူတစ်ဦးမှပြောသည်။ရွှေလုပြေးသည့်အမျိုးသားနှင့်အမျိုးသမီးအားရပ်ကွက်နယ်မြေမှူးများမှတစ်ဆင့်ရဲလက်အပ်လိုက်ကြောင်း၊လုယက်သည့်စုံတွဲထံမှသေနတ်အတုနှစ်လက်တွေ့ရှိရပြီး ရွှေဆိုင်မှလုသွားသည့်ရွှေဗူးအားပိုင်ထံပြန်ပေးခဲ့ကြောင်းသိရသည်။



