back

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးမှာ ဘေးတွဲကို ကျောင်းကားက ဝင်တိုက်လို့ ဘေးတွဲပေါ်ပါ အမျိုးသမီးေ-သဆုံး

Nov 11 • 3:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးမှာ ဘေးတွဲကို ကျောင်းကားက ဝင်တိုက်လို့ ဘေးတွဲပေါ်ပါ အမျိုးသမီးေ-သဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃကျွန်းမြို့နယ်၊သုဝဏ္ဏမြို့ဦးစေတီအနီးတွင် ကျောင်းကားနှင့် ဘေးတွဲတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ဒေသခံ...

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃကျွန်းမြို့နယ်၊သုဝဏ္ဏမြို့ဦးစေတီအနီးတွင် ကျောင်းကားနှင့် ဘေးတွဲတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က သုဝဏ္ဏမြို့ဦးစေတီနှင့် ကမာကြည်တံတားကြားတွင် ကျောင်းကားတစ်စီး မှ ဘေးတွဲကို ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ဘေးတွဲပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးကာ ကျန်မောင်းနှင်သူအမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရှိခဲ့သလို အနီးရှိစက်ဘီးစီးနင်းလာသူ အမျိုးသားတစ်ဦးလည်း ကျောင်းကားတိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူတစ်ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူသုံးဦးတို့ကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုဖြစ်စဉ် နှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ်။


news-view-count-icon

30