back

ဝုဖ်ဘတ်အသင်းက နည်းပြချုပ် ဆီမိုနစ်စ်အား ထုတ်ပယ်ကာ ယူ-၁၉ အသင်းနည်းပြအား ယာယီနည်းပြအဖြစ် ခန့်အပ်

Nov 11 • 2:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဝုဖ်ဘတ်အသင်းက နည်းပြချုပ် ဆီမိုနစ်စ်အား ထုတ်ပယ်ကာ ယူ-၁၉ အသင်းနည်းပြအား ယာယီနည်းပြအဖြစ် ခန့်အပ်

ဘွန်ဒက်စ်လီဂါတွင် စိတ်ပျက်ဖွယ်ရလဒ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ဝုဖ်ဘတ်အသင်းက နည်းပြချုပ်ဖြစ်သူ ပေါလ် ဆီမိုနစ်စ်အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကာ ယင်းကဲ့သို့...

ဘွန်ဒက်စ်လီဂါတွင် စိတ်ပျက်ဖွယ်ရလဒ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ဝုဖ်ဘတ်အသင်းက နည်းပြချုပ်ဖြစ်သူ ပေါလ် ဆီမိုနစ်စ်အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကာ ယင်းကဲ့သို့ထုတ်ပယ်မှုမှာ ချက်ချင်းအကျုံးဝင်မည်ဖြစ်ကြောင်း ကလပ်အသင်းဘက်က နိုဝင်ဘာ ၉ ရက်၌ ကြေညာခဲ့သည်။အသက် ၄၀ အရွယ် ဒတ်ချ်လူမျိုးနည်းပြမှာ ဝုဖ်ဘတ်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပြီး လေးလနီးပါးအကြာတွင် အသင်းမှထွက်ခွာခဲ့ရပြီဖြစ်သလို လက်ထောက်နည်းပြများဖြစ်သည့် ပီတာ ဗန်ဒါဗီးန်၊ ထရစ်စတန် ဘားဟက်စ်၊ မာတင် ဒါနီဗီရယ်လ်တို့လည်း အသီးသီးထွက်ခွာမည်ဖြစ်သည်။ သို့ဖြစ်၍ ယူ-၁၉ အသင်းနည်းပြဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒါနီရယ် ဘောင်ဝါက ပထမအသင်းအား ယာယီကိုင်တွယ်သွားမည်ဖြစ်သည်။ဝုဖ်ဘတ်အသင်းမှာ နိုင်ငံတကာပွဲစဉ်များအပြီး နိုဝင်ဘာ ၂၂ ရက်တွင် လေဗာကူဆင်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

news-view-count-icon

39