back

ရှမ်းပြည်နယ်၊ကျောက်မဲခရိုင်ရုံးရှေ့နေထိုင်သူ အမျိုးသမီးတစ်ဦးအသတ်ခံရပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခံရ

Nov 11 • 2:29 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ကျောက်မဲခရိုင်ရုံးရှေ့နေထိုင်သူ အမျိုးသမီးတစ်ဦးအသတ်ခံရပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ခရိုင်ရဲရုံးရှေ့တွင်ပင် နေထိုင်သူ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရပြီးတန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခံရကြောင်း ဒေ...

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ခရိုင်ရဲရုံးရှေ့တွင်ပင် နေထိုင်သူ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရပြီးတန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခံရကြောင်း ဒေသခံများထံမှ သိရသည်။နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင်ကျောက်မဲမြို့ ၇ ရပ်ကွက်၊ ၂ မိုင်ကုန်းအိမ်တွင်တစ်ဦးတည်း နေထိုင်သော မြေပွဲစားဒေါ်နန်းမြအောင် ၅၃ နှစ် သည် ဒဏ်ရာအများအပြားနှင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ကွယ်လွန်သူ ဒေါ်နန်းမြအောင်၏ နာရေးကို နေအိမ်မှ အေးချမ်းသာသုသာန်သို့ နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ ကျောက်မဲအသင်းမှ ယမန်နေ့ နိုဝင်ဘာ၉ရက်တွင် ပို့ဆောင်သင်္ဂြိုဟ်ကူညီပေးခဲ့သည်ဟု ၎င်းတို့က ထပ်မံပြောကြားသည်။

news-view-count-icon

17