back

ဘီဘီစီ၏ မှတ်တမ်းရုပ်ရှင်အတွက် ဒေါ်လာ ၁ ဘီလီယံလျော်ကြေးပေးရန် တရားစွဲမည်ဟု သမ္မတထရမ့်၏ရှေ့နေက ခြိမ်းခြောက်

Nov 11 • 1:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘီဘီစီ၏ မှတ်တမ်းရုပ်ရှင်အတွက် ဒေါ်လာ ၁ ဘီလီယံလျော်ကြေးပေးရန် တရားစွဲမည်ဟု သမ္မတထရမ့်၏ရှေ့နေက ခြိမ်းခြောက်

ဘီဘီစီ သတင်းဌာနသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က မစ္စတာထရမ့်ပြောကြားခဲ့သော မိန့်ခွန်းကို "မကောင်းသောသဘောဖြင့်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသော" တည်းဖြတ်မှုများ ပြုလ...

ဘီဘီစီ သတင်းဌာနသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က မစ္စတာထရမ့်ပြောကြားခဲ့သော မိန့်ခွန်းကို "မကောင်းသောသဘောဖြင့်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသော" တည်းဖြတ်မှုများ ပြုလုပ်ထားသည်ဟု သမ္မတထရမ့်၏ရှေ့နေကစွပ်စွဲလိုက်ပြီး၊ ယင်းမှတ်တမ်းရုပ်ရှင်အတွက် ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးရလိုမှုဖြင့် ဘီဘီစီသတင်းဌာနအား တရားစွဲမည်ဟု နိုဝင်ဘာ၁၀ရက်တနင်္လာနေ့တွင် ခြိမ်းခြောက်ခဲ့သည်။အဆိုပါ ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုသည် မစ္စတာထရမ့်၏ ရှေ့နေတစ်ဦးဖြစ်သူ အလီဂျန်ဒရို ဘရီတို(Alejandro Brito) က ဘီဘီစီသတင်းဌာနထံ ပေးပို့ခဲ့သော စာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယင်းစာကို The New York Times သတင်းစာက ရရှိခဲ့သည်။ ယင်းစာတွင် မှတ်တမ်းရုပ်ရှင်အား အလုံးစုံ ရုပ်သိမ်းရန်၊ တောင်းပန်ရန်နှင့် "ဖြစ်ပေါ်ခဲ့သော ထိခိုက်နစ်နာမှုများအတွက် သမ္မတထရမ့်အားသင့်လျော်စွာ လျော်ကြေးပေးရန်" ရှေ့နေများက ပြောသည့်အတိုင်း ငွေကြေးပေးချေမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။အဆိုပါ တောင်းဆိုချက်များကို မလိုက်နာပါက "သမ္မတထရမ့်သည် ၎င်း၏ ဥပဒေအရနှင့် တရားမျှတမှုဆိုင်ရာ အခွင့်အရေးများအားလုံးကို ကျင့်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ၊ အနည်းဆုံး ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ တစ်ဘီလီယံ) အတွက် ဥပဒေကြောင်းအရ အရေးယူမှုများ အပါအဝင် တရားစွဲဆိုမှုများပြုလုပ်သွားမည်" ဟု ယင်းစာတွင် ဖော်ပြထားသည်။ဘီဘီစီသတင်းဌာနအနေဖြင့် သောကြာနေ့၊ အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီ နောက်ဆုံးထား၍ အရေးယူဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆိုမှုကို စတင်မည်ဟု ဆိုသည်။



news-view-count-icon

19