သရုပ်ဆောင် ထွန်းထွန်းနဲ့ သံသာမိုးသိမ့်ကို ဝေမင်းမောင် ခေါ် ထုတ်လုပ်သူရွှေမန်းက Tag လုပ်ကာ ဒီနေရာမှာပဲ ရပ်လိုက်ကြဖို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။ သံသာမိုးသိမ့်ကိုတော့ ထွန်းထွန်းက မရည်ရွယ်ဘဲ ထိခိုက်စေခဲ့မိလို့ စိတ်မကောင်းကြောင်း စတင်ပြောခဲ့ပြီး သံသာမိုးသိမ့်က ထွန်းထွန်းဟာ ဝေမင်းမောင်နဲ့ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတာကြောင့် ဘာကိုဆိုလိုချင်မှန်း နားလည်ကြောင်း ပြေလည်အောင်ညှိယူခဲ့ကြတာတွေ့ရပါတယ်။



