မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။ မဲပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။မြန်မာအစိုးရသည် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပသွားမည်ဟု ကြေညာထားသည်။



