မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၅ ရက်တွင် မော်လမြိုင်မြို့၊ မုရောင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၆၇၂၀၀၀၀)ကို အမြန်စီမံခန့်ခွဲရန် လိုအပ်သောကုန်ပစ္စည်းများ ဆိုင်လုပ်ထုံးလုပ်နည်းများအရ ဖမ်းဆီးအရေးယူခဲ့သည်။ထို့နောက် ဂိုဒေါင်ပိုင်ရှင်ဖြစ်သူကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။နိုဝင်ဘာလ ၆ ရက်တွင် မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရဘဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။



