ကမ္ဘာ့စတုတ္ထအကြီးဆုံး ဘန်ကောက် Pak Khlong Talad ပန်းဈေးကြီး၏ ဆွဲဆောင်မှု

Nov 10 • 4:13 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘာ့စတုတ္ထအကြီးဆုံး ဘန်ကောက် Pak Khlong Talad ပန်းဈေးကြီး၏ ဆွဲဆောင်မှု

ထိုင်းနိုင်ငံ၏ အကြီးဆုံးလက်ကားပန်းဈေးနှင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ပန်းဈေးဖြစ်သည့် Pak Khlong Talad သည် ဘန်ကောက်မြို့အလယ်ဗဟို၊ ကျောက်ဖရားမြစ်ကမ်းနံဘေးတွင်...

ထိုင်းနိုင်ငံ၏ အကြီးဆုံးလက်ကားပန်းဈေးနှင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ပန်းဈေးဖြစ်သည့် Pak Khlong Talad သည် ဘန်ကောက်မြို့အလယ်ဗဟို၊ ကျောက်ဖရားမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသည့် ဤဈေးသည် လှပသောပန်းများ၊ လတ်ဆတ်သော သီးနှံများနှင့် စည်ကားသော ပတ်ဝန်းကျင်တို့ကြောင့် ဒေသခံများသာမက ခရီးသွားများအတွက်ပါ မဖြစ်မနေ လာရောက်လည်ပတ်ရမည့် နေရာတစ်ခု ဖြစ်သည်။ အယုဒ္ဓယခေတ်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည့် သမိုင်းကြောင်းရှိပြီး ယခင်က ငါးဈေး၊ ကုန်စည်မျိုးစုံဈေးအဖြစ်မှ ၁၉၆၀ ပြည့်နှစ်များတွင် ပန်းဈေးအဖြစ် အသွင်ပြောင်းလဲခဲ့သည်။ ပန်းမျိုးစုံအပြင် လတ်ဆတ်သော သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသန္တရမုန့်ပဲသရေစာများလည်း ရောင်းချသည်။ Pak Khlong Talad သို့ MRT ရထားကို စီးနင်းပြီး Sanam Chai ဘူတာမှတစ်ဆင့် အလွယ်တကူ သွားရောက်နိုင်ပြီး၊ ဈေးအတွင်း၌ Siew Lang စားသောက်ဆိုင်ကဲ့သို့သော ထိုင်းအစားအစာဆိုင်များတွင် ဈေးသက်သာစွာဖြင့် စားသောက်နိုင်ကြောင်း သိရသည်။

news-view-count-icon

11