back

လှည်းကူးမြို့တွင် မဇ္ဈိမာလင်္ကာရသာမဏေကျော်စာမေးပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်

Nov 10 • 2:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လှည်းကူးမြို့တွင် မဇ္ဈိမာလင်္ကာရသာမဏေကျော်စာမေးပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်

မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်းက ကြီးမှူးကျင်းပသည့် မဇ္ဈိမာလင်္ကာရသာမဏေကျော်စာမေးပွဲကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြေ...

မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်းက ကြီးမှူးကျင်းပသည့် မဇ္ဈိမာလင်္ကာရသာမဏေကျော်စာမေးပွဲကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ က မိန့်ကြားသည်။ ဤစာမေးပွဲကို လှည်းကူးရှိ မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာ အပါအဝင် သာသနာ့ရိပ်သာ စာဖြေဌာန ၃ ခုတွင် ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှ စာဖြေသံဃာတော် ၂၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်ဟု ခန့်မှန်းရသည်။ ဤဘွဲ့ရရှိသော သံဃာတော်များသည် ပိဋကတ်သုံးပုံတွင် တစ်ပုံခွဲခန့် သင်ယူပြီးသားဖြစ်မည်ဖြစ်ကာ ဘွဲ့ရသံဃာတော် အပါး ၇၀၀ ကျော် ရှိနေပြီဖြစ်သည်။ အောင်မြင်သည့် သံဃာတော်များကို အဆင့်အလိုက် ကျပ် ၁ သိန်းမှ ၃ သိန်းအထိ စာအောင်ဆု ဓမ္မပူဇာများ ချီးမြှင့်မည်ဖြစ်ပြီး တတိယအဆင့်အောင်မြင်သူများအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ဘွဲ့နှင်းသဘင် အခမ်းအနားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

43