မန္တလေး-မြစ်ကြီးနား ခရီးစဉ်၏ အဓိက အခက်အခဲဖြစ်သော ရွှေဘို ⇄ စစ်ကိုင်း လမ်းပိုင်းတွင် ယာဉ်မောင်းများသည် ပင်မလမ်းမများ ပိတ်ဆို့နေမှုနှင့် လမ်းအခြေအနေများ မတည်ငြိမ်မှုကြောင့် နေ့စဉ် လမ်းလွှဲအသစ်များကို ရှာဖွေမောင်းနှင်နေရဆဲ ဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရပါသည်။ယာဉ်မောင်းများသည် ခရီးစဉ်ပြီးဆုံးရန်အတွက် ကားလမ်းမကြီးများအပြင် ရွာလမ်းများနှင့် မူးဘောင်လမ်းများကိုပါ အသုံးပြုကာ ခရီးရှည်ဝိုက်၍ မောင်းနှင်နေရဆဲဖြစ်ပြီး၊ ဤသို့ ခက်ခဲမှုများကြားမှပင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အရေးပေါ်ယာဉ်များ ဆက်လက်သွားလာနေကြပါသည်။



