ထိုင်းနိုင်ငံ၊ စလကဲ့ယောက်ခရိုင်တွင် ယနေ့ နိုဝင်ဘာ ၉ နက် နံနက်အစောပိုင်းက ထိုင်းနိုင်ငံမှတဆင့် ကရင်ပြည်နယ်၊ မြဝတီဘက်သို့ ပို့ဆောင်မည့် ဆင်းကဒ်များပါရှိသည့် ဖုန်းအလုံးရေ (၁၀၀၀) နှင့်အတူ နိုင်ငံခြားသား (၃) ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ခြင်းကြောင်း သိရသည်။ဖမ်းဆီးခံရသူ နိုင်ငံခြားသား (၃) ဦးသည် တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံသားများဖြစ်ပြီး စလကဲ့ယောက်ခရိုင်၊ အလန်ယပရထေ့မြို့နယ်၊ နွန်ခီလက်ကျေးရွာအနီး၌ ကင်းလှည့်နေသည့် ထိုင်းစစ်တပ်နှင့်တွေ့ရှိပြီးစစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။လက်ရှိတွင် ဖမ်းဆီးရမိသူများကို ခလောင်နမ်းစိုင်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းရဲတပ်ဖွဲ့က အမှုတွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။



