ကိုရီးယားအမေရိကန်အဆိုတော်-တေးရေးဆရာ EJAE သည် ၎င်း၏သီချင်း “Golden” နှင့် Netflix မှ နာမည်ကြီးကာတွန်းရုပ်ရှင် “KPop Demon Hunters” တို့နှင့်အတူ လာမည့်ဂရမ်မီဆုပေးပွဲ၌ ဆန်ကာတင်ငါးဦးစာရင်းတင်သွင်းခံရပြီးနောက် အလွန်ဝမ်းမြောက်မိကြောင်း ဖော်ပြခဲ့သည်။သောကြာနေ့ (ဒေသစံတော်ချိန်) တွင် (၆၈)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကျင်းပသည့် အသံသွင်းအကယ်ဒမီမှ "Golden" သည် တစ်နှစ်တာအကောင်းဆုံးသီချင်း၊ အကောင်းဆုံး Pop Duo/Group Performance၊ Visual Media အတွက် အကောင်းဆုံးသီချင်းနှင့် အကောင်းဆုံး Remixed Recording အပါအဝင် အမျိုးအစားလေးမျိုးဖြင့် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ရုပ်ရှင်၏ တေးသီချင်းသည် Visual Media အတွက် အကောင်းဆုံး Compilation Soundtrack အတွက်လည်း ဆန်ခါတင်စာရင်းဝင်ခဲ့သည်။"Golden" အတွက် တေးဆို၊ သီချင်းစာသားနှင့် ရေးစပ်မှုတွင် ပါဝင်ခဲ့သည့် EJAE က ဂရမ်မီ ဆန်ကာတင်စာရင်းသည် သူမ၏ အိပ်မက်ထက် ကျော်လွန်၍ ဖြစ်သည်ဟု ဆိုကာ ပျော်ရွှင်ကြောင်း ဖော်ပြခဲ့သည်။



