စင်ကာပူနိုင်ငံသည် ကျားဖြန့်အန္တရာယ် (Scam) များ အဆမတန် မြင့်တက်လာမှု (၂၀၂၀-၂၀၂၅ အတွင်း အမှု ၅၁,၀၀၀၊ ငွေပမာဏ ဘတ် ၂၈ ဘီလီယံ) ကို တန်ပြန်ရန် ဥပဒေပြင်ဆင်လိုက်ပြီး ဖမ်းဆီးရမိသည့် ကျားဖြန့်တရားခံများအား မဖြစ်မနေ ကြိမ်ဒဏ် ထည့်သွင်းအရေးယူမည်။ ပြစ်မှုအခြေအနေအရ အနည်းဆုံး ၆ ချက်မှ အများဆုံး ၂၄ ချက် အထိ ချမှတ်မည် ဖြစ်သည်။ ဆင်းမ်ကတ်/ဘဏ်အကောင့် ကူညီပေးသူများလည်း ကြိမ်ဒဏ် ၁၂ ချက် ခံရမည်ဖြစ်ပြီး မုဒိမ်းမှု/ငွေကြေးခဝါချမှုကဲ့သို့သော ပြစ်မှုကြီးများအတွက် အသက် ၅၀ အောက်သူများအား အမြင့်ဆုံး ၂၄ ချက် ချမှတ်မည်။ စင်ကာပူရှိ မှုခင်းအားလုံး၏ ၆၀% မှာ ကျားဖြန့်မှုခင်းများ ဖြစ်လာနေသည်။
Nov 09 • 8:30 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


