အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို သည် Neom SC ကို ၃-၁ ဖြင့် အနိုင်ရသည့်ပွဲတွင် ပယ်နယ်တီဂိုး သွင်းယူကာ ဆော်ဒီလိဂ်၌ ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုး + ဖန်တီးမှု) ၁၀၀ ဂိုး ပြည့်မြောက်ခဲ့သည်။ သူသည် ဆော်ဒီလိဂ် ၈၅ ပွဲတွင် ၈၃ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးမှု ဖြင့် စံချိန်တင်ခဲ့ပြီး ကလပ်သမိုင်းတွင် ဆော်ဒီမဟုတ်သော ကစားသမားတစ်ဦးအနေဖြင့် ဂိုး ၁၀၀ ပြည့်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ကစားသမားဘဝ စုစုပေါင်းသွင်းဂိုးမှာ ၉၅၃ ဂိုး ရှိလာခဲ့ပြီ ဖြစ်သည်။

Nov 09 • 8:20 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


