၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှုတွင် တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် သတင်းမှန် ၄၉ ကြိမ် ရရှိခဲ့ပြီး အမှုတွဲ ၁၁၉ မှု ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသည့် စက်မှုကုန်ကြမ်း၊ လူသုံးကုန်၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်း၊ တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများအပြင် လိုင်စင်မဲ့မော်တော်ယာဉ်/ဆိုင်ကယ်များ အပါအဝင် စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်း ၆၄၇၇.၁၂၀ (၆.၄ ဘီလီယံကျော်) ရှိသည်။ ဖမ်းဆီးရမိမှုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၂၉၅.၄၂၄ (၁.၂၉ ဘီလီယံကျော်) ကို သတင်းပေးတိုင်ကြားသူ တာဝန်သိပြည်သူများအား လျှို့ဝှက်ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလအတွင်း တရားမဝင်ကုန်စည် တန်ဖိုး ကျပ် ၆.၄ ဘီလီယံကျော် ဖမ်းဆီးရမိ၊ သတင်းပေးဆုကြေး ၂၀% ချီးမြှင့်မည်
Nov 09 • 8:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


