နိုဝင်ဘာ ၉ ရက်နေ့ ကျောက်ဈေးကွက်သတင်းများအရ ပြည်တွင်းထွက် မြန်မာ့ကျောက်စိမ်းများနှင့် ရောနှော၍ ပြည်ပနိုင်ငံမှထွက်ရှိသည့် ကျောက်စိမ်းများကို ရောနှောရောင်းချမှုများ ရှိလာကြောင်း ကျောက်မျက်ရောင်းဝယ်သူများက ပြောသည်။ အဆိုပါ ပြည်ပကျောက်စိမ်းများမှာ ဂွါတီမာလာနိုင်ငံ ဒေသမှ ထွက်ရှိခြင်းဖြစ်ပြီး၊ အရည်အသွေးချင်း ဆင်တူနေလျှင်ပင် မြန်မာ့ကျောက်စိမ်းထက် ဈေးနှုန်းအားဖြင့် ပျမ်းမျှထက်ဝက်ခန့် ကွာခြားလေ့ရှိကာ တန်ဖိုးနိမ့်သည်။ ကျောက်ဝယ်ရောင်းသမားများက လက်ရှိဈေးကွက်သည် "ခပ်ရှုပ်ရှုပ်ဖြစ်လာပြီး အလိမ်အညာများ အမျိုးမျိုးဖြစ်နေ" ကြောင်း မှတ်ချက်ပြုသည်။ ယင်းကျောက်များသည် ရန်ကုန်နှင့် မန္တလေးဈေးကွက်အတွင်း ဝင်ရောက်ရောင်းချနေပြီး၊ ပြဿနာမှာ ပြည်တွင်းဓာတ်ခွဲခန်းများတွင် စစ်ဆေးပါက မြန်မာကျောက်စိမ်းရော၊ ဂွါတီမာလာကျောက်စိမ်းပါ Natural Jadeite Jade (A-Jade) အဖြစ်သာ ဖော်ပြလေ့ရှိပြီး ကျောက်ထွက်ရှိရာဒေသ ကို တိတိကျကျ ခွဲခြားမပေးနိုင်သေးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကျောက်စိမ်းများနှင့် ရောနှော၍ ပြည်ပထွက် ဂွါတီမာလာကျောက်စိမ်းများ ရောင်းချမှုရှိလာ
Nov 09 • 7:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 58 | 0 | 0 | 0 |


