ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့် ခါမာဂီတိုင်ဖွန်း ဝင်ရောက်ပြီး ရက်ပိုင်းအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးချိန်၌ အင်အားပြင်း တိုင်ဖွန်း “ဖန်ဝမ် ” မုန်တိုင်း ထပ်မံဝင်ရောက်နိုင်ခြင်းကြောင့် လူ ၁ သိန်းကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးနေကြောင်း နိုဝင်ဘာ ၉ ရက်တွင် Asia One သတင်းက ဖော်ပြသည်။ မုန်တိုင်း၏ လက်ရှိလေတိုက်နှုန်းမှာ တစ်နာရီ ၁၁၅ မိုင်နှုန်းရှိပြီး ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဖိလစ်ပိုင်၏ အကြီးဆုံးကျွန်းဖြစ်သည့် လူဇွန်ကျွန်းပေါ်မှနေ၍ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။ ဖိလစ်ပိုင်မိုးလေဝသဌာန က မုန်တိုင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဒီလှိုင်းများ ရိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။ မုန်တိုင်းသည် ကုန်းတွင်းကို ဖြတ်သန်းနေချိန် တိုင်ဖွန်းအဆင့် ဆက်လက်တည်ရှိနေဖွယ်ရှိပြီး၊ လာမည့် နိုဝင်ဘာ ၁၀ ရက်တွင် ကျောင်းများကို ပိတ်ထားခြင်း သို့မဟုတ် အွန်လိုင်းမှ သင်ကြားခြင်းမျိုး စီစဉ်ထားကြောင်း သိရသည်။

ခါမာဂီမုန်တိုင်းနောက်ပိုင်း ဖန်ဝမ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၁ သိန်းကျော် ကြိုတင်ပြောင်းရွှေ့
Nov 09 • 7:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


