ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ ပြန်လည်စတင် ပြေးဆွဲ

Nov 09 • 3:31 AM

breaking-news

မြန်မာ

ရှမ်း

cover

ရန်ကုန်မှ လားရှိုးသို့ ခရီးသည်တင် Express ကားကြီးများ ပြန်လည်စတင် ပြေးဆွဲ

ရန်ကုန်မှ လားရှိုးသို့ ပြေးဆွဲသည့် ခရီးသည်တင် Express ကားကြီးများသည် ယနေ့ နိုဝင်ဘာ ၈ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း လားရှိုးဒေသခံ သတင်းရင်းမြစ်များက...

ရန်ကုန်မှ လားရှိုးသို့ ပြေးဆွဲသည့် ခရီးသည်တင် Express ကားကြီးများသည် ယနေ့ နိုဝင်ဘာ ၈ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း လားရှိုးဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ လတ်တလော ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ မိုးထက်အာကာ၊ တက်လမ်း၊ ရွှေလားရှိး Star OK နှင့် Crown တို့ဖြစ်သည်။ယခင်က ရန်ကုန်မှ လားရှိုးသို့ သွားရောက်လိုပါက မန္တလေးမှတစ်ဆင့် ကားငယ်များကို ဈေးနှုန်းကြီးပေး၍ ပြန်လည်စီးနင်းခဲ့ရသော်လည်း၊ ယခုအခါ ကားကြီးများ တိုက်ရိုက်ပြေးဆွဲပေးသဖြင့် အဆင်ပြေစေကြောင်း ခရီးသွားပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။ ဤခရီးစဉ်များကို ပြန်လည်သွားလာခွင့်ပြုခြင်းသည် တပ်မတော်က ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်တွင် အပြည့်အဝထိန်းချုပ်ပြီးနောက် သီပေါမြို့ကိုလည်း အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်ပြုလိုက်ခြင်းကြောင့် ဖြစ်သည်။

news-view-count-icon

27